တရုတ်နှင့် အာဖရိကနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲ ဖော်ဆောင်ရန် ခေတ်၏အသံ၊ တရုတ်နှင့် အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်သူများသည် ရှီကျင့်ဖိန်၏ မိန့်ခွန်း အပေါ် လှိုက်လှဲစွာ တုံ့ပြန်ကြ

(GMT+08:00)2024-09-08 16:17:49  

   စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နှင့် အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဘေကျင်း ထိပ်သီးအစည်းအဝေး၏ ဖွင့်ပွဲ အခမ်းအနားတွင် အဓိက မိန့်ခွန်း ပြောကြားခဲ့ပါသည်။ အစည်းအဝေး တက်ရောက်သော ပြည်တွင်းပြည်ပမှ ဧည့်သည်တော်များက ရှီကျင့်ဖိန်၏ မိန့်ခွန်းတွင် တရုတ်နှင့် အာဖရိက ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်ကို နောက်ကြောင်းပြန် သုံးသပ်ပြီး တရုတ်နှင့် အာဖရိက ဆက်ဆံရေး၏ ကဏ္ဍသစ်ကို ကြေညာကာ တရုတ်နှင့် အာဖရိက ခေတ်မီရေးကို လက်တွဲ တွန်းအားပေးရန် မိတ်ဖက် ဆောင်ရွက်ချက် ၁၀ ရပ်ကို ဖော်ပြ ခဲ့ကြောင်း၊ ယင်းသည် တရုတ်နှင့် အာဖရိကနိုင်ငံများ ခေတ်မီရေးကို လက်တွဲ တွန်းအား ပေးရေးနှင့် အရည်အချင်း မြင့်မားသော တရုတ်နှင့် အာဖရိက ကံကြမ္မာတူ အသိုက်အဝန်း အတူ တည်ဆောက်ရေးအတွက် ဦးတည်ချက်ကို ပြသထားကြောင်း၊ ရှီကျင့်ဖိန်၏ မိန့်ခွန်း သည် တရုတ်နှင့် အာဖရိက ပြည်သူပေါင်း သန်း ၂၈၀၀ ကျော်တို့၏ ဘုံရင်တွင်း စကားသံများကို ဖော်ပြထားပြီး တရုတ်နှင့် အာဖရိက နိုင်ငံများ အေးအတူပူအမျှ လက်တွဲ ချီတက်ရန် ခိုင်ခံ့သော သန္နိဋ္ဌာန်ကို ပြသထားကြောင်း ဖော်ပြခဲ့ကြပါသည်။

   ဇန်ဘီယာ သမ္မတ ဟီချီလေမာက သမ္မတ ရှီကျင့်ဖိန်က တရုတ်နှင့် အာဖရိက ခေတ်မီရေး ကို လက်တွဲ တွန်းအားပေးရန် မိတ်ဖက် ဆောင်ရွက်ချက် ၁၀ ရပ်ကို ဖော်ပြခဲ့ကြောင်း၊ ယင်းသည် မိမိတို့က ပိုမို လုံခြုံသော၊ ပိုမို စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော၊ ပိုမို သာယာ လှပသော ကမ္ဘာကြီး တည်ဆောက်ရေးအတွက် အကျိုးပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ဘာကီနာဖာဆိုနိုင်ငံ နိုင်ငံခြာရေး ဝန်ကြီး ထရာကော်ရေက တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံများ၏ ခေတ်မီရေးကို တိုးမြှင့်ရန် လိုလားချက် ဆန္ဒများကို နားလည် ပါကြောင်း၊ မိမိတို့သည် ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် လေ့လာ သင်ယူ၍ အတူ ဖွံ့ဖြိုးတိုးတက်ရန် ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က တရုတ်နှင့် အာဖရိက ပူးပေါင်းဆောင်ရွက်ရေးသည် တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး၏ စံနမူနာ ဖြစ်ကြောင်း၊ တရုတ်နှင့် အာဖရိက ပူးပေါင်းဆောင်ရွက်ရေးသည် ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် အကောင်အထည် ဖော်ဆောင်ရန်အတွက် သေချာပေါက် အားကောင်းစွာ အထောက်အကူပြုသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။