တရုတ်-အမေရိကန် ကုန်သွယ်ရေး လုပ်ငန်းအဖွဲ့ ဒုတိယအကြိမ် ဒုဝန်ကြီးအဆင့်အစည်းအဝေးကျင်းပ

(GMT+08:00)2024-09-08 16:19:40  

စက်တင်ဘာလ ၇ ရက်နေ့က တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန နိုင်ငံတကာ ကုန်သွယ်မှု စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်၊ ဒုဝန်ကြီး Wang Shouwen နှင့် အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး Largo တို့သည် ထျန်ကျင်းမြို့ ၌ ကျင်းပသော တရုတ်-အမေရိကန် ကုန်သွယ်ရေးလုပ်ငန်းအဖွဲ့ ဒုတိယအကြိမ် ဒုဝန်ကြီးအဆင့်အစည်းအဝေးကို ပူးတွဲကြီးမှူးကျင်းပခဲ့ပါသည်။

နှစ်ဖက်တို့သည် သက်ဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လုပ်ငန်းများ အတွက် လိုအပ်သော ပံ့ပိုးကူညီမှုများ ပေးရန်၊ နယ်စပ်ဖြတ်ကျော် ဒေတာစီးဆင်းရေး၊ ကူးစက်ရောဂါ တိုင်းတာစစ်ဆေးရေး၊ ဆေးဘက် ဆိုင်ရာ စောင့်ရှောက်ရေးနှင့် အမျိုးသမီး ကျန်းမာရေး၊ ဆေးဘက်ဆိုင်ရာ ကိရိယာများ၊ သန့်ရှင်းသော စွမ်းအင် စသည့်နယ်ပယ်များတွင် ဆက်သွယ်မှုထိန်းထားရန်၊ တရုတ်-အမေရိကန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပရောဂျက်များကို ဆက်လက်မြှင့်တင်ပြီး ပရောဂျက်ရုံးကို ထားရှိရန်၊  G20၊ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့စသည့် ယန္တရားများအောက်တွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် သဘောတူခဲ့သည်။ နှစ်နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာနများသည် တရုတ်နှင့် အမေရိကန်ကုမ္ပဏီများနှင့် ဆက်သွယ်ပြီး ၎င်းတို့၏ ထင်မြင်ယူဆချက်များကို နားထောင်လိုကြောင်း သတင်းအရ သိရပါသည်။