စက်တင်ဘာလ ၆ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် အမေရိကန်သမ္မတ၏ နိုင်ငံတကာ ရာသီဥတု မူဝါဒဆိုင်ရာ အဆင့်မြင့် အကြံပေး ပိုတယ်စ်တာနှင့် တွေ့ဆုံခဲ့ပါသည်။
ဝမ်ယိက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ အစိတ်အပိုင်းဖြစ်ရုံသာမက နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆန်ဖရန်စစ္စကို သဘောတူညီမှု ဖော်ဆောင်ရေးဆိုင်ရာ အရေးကြီးသည့် ဆောင်ရွက်ချက်လည်း ဖြစ်ကြောင်း၊ အမေရိကန် အနေနှင့် မူဝါဒ တည်ငြိမ်ရေး ကို ထိန်းသိမ်းပြီး တရုတ်နိုင်ငံ၏ တရားနည်းလမ်းကျသော အာရုံစိုက်မှုများကို လေးစား၍ နိုင်ငံတကာ စိန်ခေါ်မှုများကို တရုတ် နိုင်ငံနှင့် ပူးတွဲ ကြိုးပမ်း ရင်ဆိုင်ဖြေရှင်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ပိုတယ်စ်တာက ရာသီဥတုပြောင်းလဲမှုကို အတူ ရင်ဆိုင် ဖြေရှင်း ခြင်းသည် နှစ်နိုင်ငံ ခေါင်းဆောင် များ ရရှိသော အရေးကြီး သဘောတူညီချက်ဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးတွင် သော့ချက်ကျသော အစိတ်အပိုင်းဖြစ်ကြောင်း၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ လက်တွဲခြင်းသည် နှစ်နိုင်ငံပြည်သူများကို အကျိုးဆောင်နိုင်ရုံသာမက ကမ္ဘာကြီးအတွက်လည်း ပိုမို များပြားသော အကျိုးများ ဆောင်ကြဉ်းပေးနိုင်ကြောင်း ပြောကြားခဲ့ သည်။