မြောက်ကိုရီးယားက တောင်ကိုရီယားဘက်သို့ မီးပုံးပျံ သုံးရက်ဆက်တိုက် လွှတ်တင်ခဲ့သည်ဟု တောင်ကိုရီးယား ဆို

(GMT+08:00)2024-09-07 13:05:48  

ဒေသစံတော်ချိန် စက်တင်ဘာလ ၆ ရက်နေ့ ညက တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးဌာနချုပ်မှအဆိုအရ ထိုနေ့တွင် မြောက်ကိုရီးယားမှ တောင်ကိုရီးယားဘက်သို့ မီးပုံးပျံများ လွှတ်တင်ခဲ့သည်ကို တောင်ကိုရီးယား စစ်တပ်က ထပ်မံစောင့်ကြည့်တွေ့ရှိခဲ့ကြောင်း၊ လက်ရှိတွင် မြောက်ကိုရီးယားသည် တောင်ကိုရီးယားဘက် သို့ မီးပုံးပျံများကို သုံးရက်ဆက်တိုက် လွှတ်တင် ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

မြောက်ကိုရီးယားမှ လွှတ်တင်သော မီးပုံးပျံသည် Gyeonggi-do မြောက်ပိုင်းသို့ ရောက် သွားနိုင်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးဌာနချုပ်က ပြောကြားခဲ့သည်။

မြောက်ကိုးရီးယားက ယင်းနှင့်ပတ်သက်၍ တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိသေး ကြောင်း သတင်းအရ သိရှိရသည်။