ယခုလ ၆ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဘေကျင်းထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ဆူဒန် အချုပ်အခြာအာဏာပိုင်ကောင်စီ ဥက္ကဋ္ဌ Burhan နှင့် ဘေကျင်းပြည်သူ့ခန်းမဆောင်ကြီးတွင် တွေ့ဆုံခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က ယခုနှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၆၅ နှစ် ပြည့်မြောက်သည့် နှစ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နှစ်နိုင်ငံ ချစ်ကြည်ရေး အစဉ်အလာနှင့် ခိုင်မာသော အပြန်အလှန် ယုံကြည်မှုကို တန်ဖိုးထား ပြီး ဆူဒန်နှင့်အတူ နယ်ပယ်အသီးသီးတွင် ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန်၊ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ငြိမ် တိုးတက်စေရေးအတွက် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ ပါ သည်။
Burhan က ဆူဒန်-တရုတ်ဆက်ဆံရေးသည် အလွန်ရင်းနှီးပြီး ခိုင်မာကြောင်း ၊ ဆူဒန်သည် သက်ဆိုင်ရာ အောင်မြင်မှုရလဒ်များကို တက်ကြွစွာ အကောင်အထည်ဖော်ရန်နှင့် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆက်မပြတ်ခိုင်မာစေဖို့ တရုတ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။