ရှီကျင့်ဖိန်သည် မဒါဂါစကာနိုင်ငံ သမ္မတ Rajoelina နှင့် တွေ့ဆုံ

(GMT+08:00)2024-09-07 13:05:05  

စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဘေကျင်းပြည်သူ့ခန်း မ ဆောင်ကြီး၌ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဘေကျင်း ထိပ်သီးအစည်းအဝေးကို တက်ရောက် ရန် တရုတ်နိုင်ငံသို့ရောက်ရှိနေသော မဒါဂါစကာနိုင်ငံ သမ္မတ Rajoelina နှင့် တွေ့ဆုံခဲ့သည်။ တရုတ်-မဒါဂါစကာ ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးအဖြစ်သို့ အဆင့် မြှင့်တင်ကြောင်း နှစ်နိုင်ငံ အကြီးအကဲများက ကြေညာခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် မဒါဂါစကာနှင့် အတူ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဘေကျင်း ထိပ်သီးအစည်းအဝေး၏ အောင်မြင်မှု ရလဒ်များကို တက်ကြွစွာ အကောင်အထည်ဖော်လိုကြောင်း ပြောကြား ခဲ့သည်။ 

Rajoelina က မဒါဂါစကာသည် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဖြစ်လာရန် ပြတ်သားစွာ ဆောင်ရွက်ပြီး "Belt and Road" နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်များ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်များ နှင့် ကမ္ဘာ့ယဉ်ကျေးမှု ဆိုင်ရာ အဆိုပြုချက်များ ဖော်ဆောင်ရေးတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။