တိုင်ဖုန်းမုန်တိုင်း "Capricorn" ကြောင့် ဗီယက်နမ်တွင် လေကြောင်းခရီးစဉ် ၃၀၀ ကျော်ကို ဖျက်သိမ်းရန် စီစဉ်နေ

(GMT+08:00)2024-09-07 13:08:35  

တိုင်ဖုန်း Capricorn ချဉ်းကပ်လာသည်နှင့်အမျှ ဗီယက်နမ်သည် ပြည်တွင်း လေကြောင်းခရီးစဉ် ၂၄၀ နှင့် နိုင်ငံတကာ လေကြောင်းခရီးစဉ် ၇၀ အပါအဝင် စက်တင်ဘာလ ၇ ရက်နေ့၏ လေကြောင်းခရီးစဉ် ၃၀၀ ကျော်ကို ဖျက်သိမ်းရန် စီစဉ်ထား ကြောင်း သိရှိရ သည်။

ထို့အပြင် ဗီယက်နမ် ဟနွိုင်း၊ Haiphong နှင့်အခြားနေရာများရှိ စာသင်ကျောင်းများကို လည်း စက်တင်ဘာလ ၇ ရက်နေ့တွင် ပိတ်ထားမည်ဖြစ်သည်။

ဗီယက်နမ် မိုးလေဝသဌာန၏ ခန့်မှန်းချက်အရ “Capricorn ” သည် စက်တင်ဘာလ ၇ ရက်နေ့ နေ့လယ်ပိုင်း၌ ဗီယက်နမ်အရှေ့မြောက်ပိုင်း ဟိုင်ဖန်းဒေသသို့ ၀င်ရောက်မည်ဖြစ်ကြောင်း သတင်းအရ သိရှိရ သည်။