စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဘေကျင်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိလာသော တောင်ဆူဒန် သမ္မတ Kiir နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် တရုတ်-တောင်ဆူဒန် ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ကြောင်း ကြေညာခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် တောင်ဆူဒန်၏ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်အတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေ့အကြုံများနှင့် အခွင့်အလမ်းများကို ဖွံ့ဖြိုးဆဲနိုင်ငံများအား မျှဝေရန် ဆန္ဒရှိကြောင်း၊ တရုတ်ပြည်ဘက်က တောင်ဆူဒန်နှင့်အတူ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဘေကျင်း ထိပ်သီး အစည်းအဝေး၏ အောင်မြင်မှုရလဒ်များကို အကောင်အထည် ဖော်ဆောင်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ကျကျ ဖော်ဆောင်ရန် တွန်းအားပေး လိုကြောင်း ပြောကြားခဲ့သည်။
Kiir က မိမိသည် ယမန်နေ့က သမ္မတ ရှီကျင့်ဖိန်၏ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဘေကျင်း ထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် အရေးကြီး ပြောကြားချက်များ၊ အထူးသဖြင့် "မိတ်ဖက်ဆောင်ရွက်ချက် ဆယ်ခု" ကြေညာခြင်း အပေါ် အလွန် ချီးကျူးပြီး တရုတ်ပြည်ဘက်နှင့်အတူ အကောင်အထည် ဖော်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။