တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဘေကျင်း ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိ လာသော ဂမ်ဘီယာ နိုင်ငံ သမ္မတ ဘာရော်နှင့် တွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် နှစ်နိုင်ငံ ဆက်ဆံ ရေးကို မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးအဖြစ်သို့ မြှင့်တင်ကြောင်း ကြေညာ ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံမှ ကူညီသော ဆောက်လုပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများသည် ဂမ်ဘီယာ ပြည်သူများ၏ နေထိုင်မှုဘဝ တိုးတက် ကောင်းမွန်လာစေခဲ့သည့်အတွက် အလွန် ဝမ်းသာပါကြောင်း၊ တရုတ်နိုင်ငံ အနေနှင့် ဂမ်ဘီယာနိုင်ငံနှင့် လက်တွဲကာ ယခုအကြိမ် ထိပ်သီးဖိုရမ်၏ အောင်မြင်မှုရလဒ်များ အကောင်အထည် ဖော်ခြင်းကို အခွင့်ကောင်းအဖြစ်ထားပြီး နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုများပြားသော အောင်မြင်မှုရလဒ်များ ရရှိစေဖို့ တွန်းအားပေး၍ ဂမ်ဘီယာ စီးပွားရေး တိုးတက်မှုနှင့် ပြည်သူများ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်စေရေးကို အထောက်အကူပေးလိုပါကြောင်း ပြောကြားပါသည်။
ဘာရော်က တရုတ်နိုင်ငံသည် မျှော်လင့်ချက်နှင့် အနာဂတ်ပင် ဖြစ်သည်ဟု ဂမ်ဘီယာက ယူဆကြောင်း၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ဇောက်ချ ပြုလုပ်မှသာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။