“တစ်လှေထဲစီး” အမည်ဖြစ်သော ပါရီ အိုလံပစ်ပွဲတော် အကြီးစား အမှတ်တရရုပ်တု ထားရှိခြင်းနှင့် "အိုလံပစ် ငြိမ်းချမ်းရေး ပန်းခြံ" ဖွင့်ပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံတွင် ကျင်းပ

(GMT+08:00)2024-09-07 13:16:45  

ဒေသစံတော်ချိန် စက်တင်ဘာလ ၆ရက်နေ့က China Media Groupမှ ပြင်သစ် အမျိုးသား အိုလံပစ်နှင့် အားကစားကော်မတီအား လှူဒါန်းပေးသည့် “တစ်လှေထဲစီး” အမည်ဖြစ်သော ပါရီအိုလံပစ်ပွဲတော် အကြီးစား အမှတ်တရရုပ်တု ထားရှိခြင်း နှင့် "အိုလံပစ်ငြိမ်းချမ်းရေးပန်းခြံ" ဖွင့်ပွဲ အခမ်းအနားကို ပြင်သစ်နိုင်ငံ Ile-de-France ဒေသ Noisy မြို့ရှိ Chateau de Catara တွင် ကျင်းပခဲ့ကြောင်း၊ တရုတ်နိုင်ငံပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက ယင်းအခမ်းအနား သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း၊ ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လူရှာယယ်၊ ပြင်သစ်အမျိုးသားအိုလံပစ်ကော်မတီ ထိပ်တန်း ယဉ်ကျေးမှု အရာရှိ စဒီဗင် ဟာထို နှင့် Noisy-Grandမြို့ မြို့တော်ဝန် ပူရီဂျီတယ် မာစီနီတို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ကြောင်း သတင်းအရ သိရပါသည်။