ရှီကျင့်ဖိန်သည် အလယ်အာဖရိကသမ္မတ Touadera နှင့် တွေ့ဆုံ

(GMT+08:00)2024-09-07 13:11:35  

စက်တင်ဘာလ ၆ရက်နေ့ညတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဘေကျင်း ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် အလယ်အာဖရိက သမ္မတ Touadera နှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များသည် တရုတ်-အလယ်အာဖရိက ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ကြောင်း ကြေညာခဲ့ကြပါသည်။ 

ရှီကျင့်ဖိန်က တရုတ်အသွင်ပုံစံ ခေတ်မီရေး၏ ရည်မှန်းချက်မှာ ပြည်သူများအား ပိုမိုကောင်းမွန်သော ဘဝ ရရှိစေရန်ဖြစ်ပြီး ယင်းသည် တရုတ်နိုင်ငံနှင့် အာဖရိကနိုင်ငံများ လက်တွဲပြီး ခေတ်မီရေးတွန်းအားပေးမှု၏ စမှတ်နှင့် ပန်းတိုင် လည်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်ချမ်းသာသောဘဝများ ဖန်တီးနိုင်ရန် တရုတ်နိုင်ငံသည် အလယ်အာဖရိကနိုင်ငံနှင့်အတူ နိုင်ငံတော် စီမံခန့်ခွဲရေးဆိုင်ရာ အတွေ့အကြုံများ ကူးလူးဖလှယ်ရေးတိုးမြှင့်ရန် ဆောင်ရွက် လိုကြောင်း ပြောကြားခဲ့ပါသည်။ 

Touadera က တရုတ်နိုင်ငံနှင့်အတူ ဘေကျင်းထိပ်သီးအစည်းအဝေး၏ အောင်မြင်မှု ရလဒ်များကို တက်ကြွစွာ အကောင်အထည်ဖော်ရန်၊ "Belt and Road" အတူ တည်ဆောက်ရေး တွန်းအားပေးရန်၊ လယ်ယာစိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ၊ သတ္တုစွမ်းအင်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ စွမ်းရည်မြှင့်တင်ရေးစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး နက်ရှိုင်းစေရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။