ဖုန်လိယွမ်နှင့် အာဖရိကနိုင်ငံများမှ ခေါင်းဆောင်များ၏ ဇနီးများသည် တရုတ်-အာဖရိက အမျိုးသမီးများ ပညာရေးဆိုင်ရာအစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2024-09-06 13:04:27  

စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက “တရုတ်နှင့် အာဖရိကတို့ ပူးပေါင်းဆောင်ရွက်ပြီး ပညာရေးဖြင့် အမျိုးသမီးများကို အားကောင်းစေ” ဟူသော တရုတ်-အာဖရိက အမျိုးသမီး ပညာရေးဆိုင်ရာ အစည်းအဝေးကို ဘေကျင်းမြို့ရှိ တျောက်ယူထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ ကျင်းပခဲ့ရာ တရုတ် သမ္မတ ရှီကျင့်ဖိန် ၏ ဇနီး၊  UNESCO ၏ အမျိုးသမီးငယ်လေးများနှင့် အမျိုးသမီးများအတွက် ပညာရေး မြှင့်တင်ရန် အထူးသံတမန် ဖုန်လိယွမ်သည် အစည်းအဝေးသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ပါသည်။  ၂၀၂၄ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဘေကျင်း ထိပ်သီးအစည်းအဝေး တက်ရောက်ရန် တရုတ်ပြည်သို့ အလည်အပတ် ရောက်ရှိနေကြသော အာဖရိကနိုင်ငံများမှ ခေါင်းဆောင်များ၏ ဇနီးများ နှင့် ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပါသည်။ ဖုန်လိယွမ်က အမှာစကား ပြောကြားရာ၌ တရုတ်နှင့် အာဖရိကတို့သည် အေးအတူပူအမျှ မျှဝေခံစားကြသော ကံကြမ္မာတူ အသိုက်အဝန်းဖြစ်ပြီး တရုတ်နှင့် အာဖရိကမှ အမျိုးသမီးများသည် ကြိုးစားအားထုတ်မှု၊ အသိဉာဏ်ပညာ၊ အကျိုးဆောင်မှုတို့ဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး လက်တွဲရှေ့ဆက်ဆောင်ရွက်သွားကာ ခမ်းနားသိုက်မြိုက်သော အခန်းကဏ္ဍသစ်ကို ပြသခဲ့ကြကြောင်း ပြောကြားသည်။