
စက်တင်ဘာလ ၅ရက်နေ့ညနေပိုင်းက တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဘေကျင်းထိပ်သီးအစည်းအဝေး “Belt and Road”ကို အရည်အသွေးမြင့်စွာ အတူတည်ထောင်ရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေး ကို ဘေကျင်း အမျိုးသား ကွန်ဗင်းရှင်း စင်တာ၌ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် Ding Xuexiangနှင့် ကင်ညာနိုင်ငံ သမ္မတ Ruto တို့သည် အစည်းအဝေးကို ပူးတွဲဦးစီးကျင်းပခဲ့ကြပါသည်။








