စက်တင်ဘာလ ၅ ရက်နေ့က ကျင်းပသည့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက် တစ်ဦးက ဂျပန်နှင့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကာကွယ်ရေးဝန်ကြီးများသည် ဩစတြေးလျနိုင်ငံ၌ ယနေ့ တွေ့ဆုံခဲ့ရာ နှစ်ဖက်တို့သည် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန်နှင့် ဖိလစ်ပိုင် ပင်လယ် ကမ်းခြေစောင့် တပ်ဖွဲ့၏ လုပ်ငန်းများကို ထောက်ခံရန် သဘောတူခဲ့ကြပြီး လက်ရှိ တရုတ်-ဖိလစ်ပိုင် တရုတ်တောင်ပင်လယ်အခြေအနေ ဆက်တိုက် တင်းမာနေချိန်တွင် ဂျပန်နှင့် ဩစတြေးလျကြား အစည်းအဝေးအပေါ် တရုတ်နိုင်ငံအနေနှင့် မည်သည့်သဘောထားသနည်းဟု မေးမြန်းခဲ့ပါသည်။
ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က နိုင်ငံများကြား ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်နှင့် ဒေသတွင်း နိုင်ငံများကြား အပြန်အလှန် ယုံကြည်မှု တိုးမြင့်ရန် အကျိုးပြုသင့်ပြီး တတိယဘက်ကို ရည်ရွယ်ပစ်မှတ်မထားသင့်ကြောင်း တရုတ်နိုင်ငံက အမြဲ ယူဆပါသည်ဟု ပြောကြားခဲ့ပါသည်။