စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပသော တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဘေကျင်း ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က စျေးကွက်ကို တစ်ဖက်သတ် တံခါးဖွင့်ရန် ဆန္ဒရှိပြီး အာဖရိကနိုင်ငံ ၃၃ နိုင်ငံအပါအဝင် တရုတ်နိုင်ငံနှင့် သံတမန် အဆက်အသွယ် ထားရှိသည့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများမှ အကောက်ခွန် ကောက်ယူသော ကုန်ပစ္စည်းများအား ၁၀၀ ရာခိုင်နှုန်းအပြည့် အကောက်ခွန်မဲ့ ခွင့်ပြုရန် ဆုံးဖြတ်ထားကြောင်း၊ တရုတ်ပြည်သည် အဆိုပါ ဆောင်ရွက်မှုကို ပြုလုပ်သည့် ပထမဆုံးသော ဖွံ့ဖြိုးဆဲ နိုင်ငံကြီးနှင့် ကမ္ဘာပေါ်တွင် အဓိက စီးပွားရေးအုပ်စု ဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ၏ ကြီးမားသောစျေးကွက်ကို အာဖရိက၏ ကြီးမားသော အခွင့်ကောင်း ဖြစ်စေရန် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။