စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဇနီးဖြစ်သူ ဖုန်လိယွမ်သည် ဆီနီဂေါသမ္မတ၏ဇနီး မာရီနှင့် ဘေကျင်းမြို့၌ တွေ့ဆုံခဲ့ပါသည်။
ဖုန်လိယွမ်က တရုတ်နှင့် ဆီနီဂေါနိုင်ငံကြား ယဉ်ကျေးမှု အစဉ်အလာစသည့် ကဏ္ဍများတွင် တူညီမှု များစွာရှိပြီး နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းလာစေရန် မျှော်လင့်ကြောင်း၊ မိမိသည် မာရီနှင့်အတူ အမျိုးသမီး ပညာရေးနှင့် ကျန်းမာရေးစသည့် နယ်ပယ်များမှ အတွေ့အကြုံများကို မျှဝေပြီး တရုတ်နှင့် အာဖရိကရှိ အမျိုးသမီးလုပ်ငန်းများတိုးတက်မှုကို ပူးတွဲမြှင့်တင်ရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။
မာရီက ဆီနီဂေါအပါအဝင် အာဖရိကနိုင်ငံများရှိ အမျိုးသမီးနှင့် ကလေးများအတွက် ဖုန်လိယွမ်၏ ရေရှည်ဂရုစိုက်မှုနှင့် ဆီနီဂေါပြည်သူများ၏ အကျိုးစီးပွားအတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုအပေါ် လွန်စွာချီးကျူးပြီး နှစ်နိုင်ငံ ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဆင့်တိုးရန်နှင့် ဆီနီဂေါ-တရုတ် ချစ်ကြည်ရေး စဉ်ဆက်မပြတ် တိုးတက်ရေး တွန်းအားပေးရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။