တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဘေကျင်းထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ key note မိန့်ခွန်းပြောကြားချက် သည် အစည်းအဝေးတက်ရောက်လာကြသည့် ဧည့်သည်များမှ လှိုက်လှဲစွာ တုံ့ပြန်ခဲ့ကြပါသည်။
သမ္မတ Xi Jinping ၏ အရေးကြီးမိန့်ခွန်းသည် လူသားဖွံ့ဖြိုးရေးသမိုင်းတွင် ပုံရိပ်သစ်ကို ပုံဖော်ပြီး ကမ္ဘာကြီးကို ငြိမ်းချမ်းလုံခြုံပြီး သာယာတိုးတက်သော အနာဂတ် ဆီသို့ ချီတက်ဖို့ အတူတကွတွန်းအားပေးရန် ကြီးမားသောခွန်အားကို စုဆောင်း ထားခဲ့ကြောင်း အများတကာမှ ဖော်ပြခဲ့ကြပါသည်။
သမ္မတ ရှီကျင့်ဖိန်၏ ဦးဆောင်မှုအရ တရုတ်နိုင်ငံသည် ကိုယ်ပိုင်အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ရုံသာမက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့်ရန် အတွက် အရေးကြီးသော စွမ်းဆောင်မှုများလည်း ပြုခဲ့ကြောင်း အစည်းအဝေးတက်ရောက်လာကြသည့် ဧည့်သည်များက ဖော်ပြကြသည်ဟု သတင်းအရသိရပါသည်။