ဒေသစံတော်ချိန် စက်တင်ဘာလ ၅ရက်နေ့က ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ကြေညာချက်အရ ထိုနေ့က ရုရှားစစ်တပ်သည် ယူကရိန်းပစ်မှတ်အများအပြားကို တိုက်ခိုက်ခဲ့ပြီး ခူလ်စသောဒေသများတွင် ယူကရိန်းတပ်ဖွဲ့ဝင်များနှင့်ခဲယမ်းသိုလှောင်ရုံစုစည်းရာနေရာများကို တိုက်ခိုက်ခဲ့သည် ဟု ဖော်ပြကြောင်း သတင်းအရ သိရပါသည်။
ထိုနေ့တွင်ပင် ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့ စစ်ဦးစီးဌာနချုပ်၏ ထုတ်ပြန်ချက်အရ ယူကရိန်းစစ်တပ်သည် ဟာလ်ခဖူနှင့် ပိုခ်ရိုဖစ်ခ်စသော နေရာဒေသများတွင် ရုရှား၏ တိုက်ခိုက်မှုများကို ဆက်လက်ခုခံသည်ဟု ဖော်ပြကြောင်း သတင်းအရ သိရပါသည်။