စက်တင်ဘာလ ၅ရက်နေ့က တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်နိုင်ငံသို့ လာရောက်ပြီး တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဘေကျင်းထိပ်သီးအစည်းအဝေး တက်ရောက်သော ဂါနာနိုင်ငံ သမ္မတ အာခူဖ်-အာတိုနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်တို့သည် တရုတ်-ဂါနာနှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး အဆင့်သို့ တိုးမြှင့်ကြောင်းကြေညာ ခဲ့သည်ဟု သတင်းအရ သိရပါသည်။
ထို့အပြင်ရှီကျင့်ဖိန်က ကွန်ဂို သမ္မတ နိုင်ငံ သမ္မတဆာစူ၊ ဂီနီဘစ်ဆောသမ္မတအိမ်ပါလို၊ ရဝမ်ဒါသမ္မတဂါကျာမေ၊ Sao Tome နှင့် Principeနိုင်ငံ ဝန်ကြီးချုပ်ထရိုဗာနာ၊ နမီးဘီးယားသမ္မတမူပိန်ဘာ၊ ဆိုမာလီနိုင်ငံ သမ္မတ Mahmud၊ ဘူရွန်ဒီနိုင်ငံသမ္မတ Ndayishimiye၊ လိုင်ဘေးနီးယားနိုင်ငံသမ္မတ Boakai တို့နှင့်လည်းတွေ့ဆုံခဲ့ကြောင်း သတင်းအရ သိရပါသည်။