နှစ်ဖက် ဆက်ဆံရေး အဆင့်နေရာသစ် သတ်မှတ်ခြင်းသည် တရုတ်-အာဖရိက လက်တွဲ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်ပေးမည်

(GMT+08:00)2024-09-06 12:58:29  

ယခုလ ၅ ရက်နေ့ နံနက်ပိုင်းက တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ထိပ်သီး အစည်းအဝေးကို ဘေကျင်းတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည်  ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် တရုတ်နှင့် သံတမန်ဆက်ဆံမှုထားရှိသည့် အာဖရိကနိုင်ငံ အားလုံးနှင့် နှစ်ဖက်ဆက်ဆံမှုကို မဟာဗျူဟာမြောက် ဆက်ဆံမှုအဆင့်သို့ မြှင့်တင်ပြီး တရုတ်-အာဖရိက ဆက်ဆံရေး၏ အလုံးစုံအဆင့်နေရာကို ခေတ်သစ်တွင် စဉ်ဆက်မပြတ် တရုတ်-အာဖရိက ကံကြမ္မာတူအသိုက်အဝန်းသို့ မြှင့်တင်ရန် အဆိုပြု ဖော်ပြခဲ့ပါသည်။ တစ်ချိန်တည်းတွင် တရုတ် နိုင်ငံက တရုတ်နှင့် အာဖရိကတို့သည် “ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး ၆ရပ်”ကို လက်တွဲ ဖော်ဆောင်ရန် အားပေးတိုက်တွန်းပြီး မိတ်ဖက်ဆောင်ရွက်ချက် ၁၀ချက်ကို ကြေညာကာ တရုတ်-အာဖရိက ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး လက်တွဲ ဖော်ဆောင်ရေး အတွက် အားထုတ်ကြိုးပမ်းရန် ဦးတည်ချက်နှင့် အကောင်အထည် ဖော်ဆောင်ရန် လမ်းကြောင်းကို တစ်ဆင့်တိုး သတ်မှတ်ပေးသည်။

လက်ရှိတွင် တရုတ် နိုင်ငံသည် တရုတ် အသွင်ပုံစံ ခေတ်မီရေးဖြင့် အင်အား တောင့်တင်းသော နိုင်ငံ တည်ဆောက်ရေးနှင့် အမျိုးသား ပြန်လည်ရှင်သန်ရေးကို ဘက်စုံ ဖော်ဆောင်နေသည်။ အာဖရိကသည်  အာဖရိက သမဂ္ဂ၏ “၂၀၆၃ခုနှစ် လုပ်ငန်းစဉ်”တွင် ရေးဆွဲချမှတ်သော ခေတ်မီရေး ရည်မှန်းချက်များသို့ ခြေလှမ်းမှန်မှန်ဖြင့် ချီတက်နေသည်။   ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ခြင်းသည် တရုတ်နှင့် အာဖရိကတို့၏ ဘုံအားထုတ်ကြိုးပမ်းရေး ဦးတည်ချက် ဖြစ်ပြီး ခေတ်ကာလသစ်တွင် စဉ်ဆက်မပြတ် တရုတ်-အာဖရိက ကံကြမ္မာ အသိုက်အဝန်းကို အတူ တည်ဆောက်ရေး၏ အစိတ်အပိုင်း လည်း ဖြစ်သည်။

ယခုအကြိမ် ဘေကျင်း ထိပ်သီး အစည်းအဝေးတွင် ရေးဆွဲချမှတ်သော ကောင်းမွန်သည့် စီမံကိန်းကြီးသည် တရုတ် ဖွံ့ဖြိုးတိုးတက်ရေး၊ အာဖရိက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ ဖွံ့ဖြိုး တိုးတက်ရေးကို ပိုမို ရင်းနှီးစွာ ပေါင်းစပ်ထားပါသည်။ တရုတ်နှင့် အာဖရိကတို့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး လက်တွဲ ဖော်ဆောင်ကြခြင်းသည် နှစ်ဖက်တို့မှ ပြည်သူများ အတွက် ပိုမို များပြားသည့် သုခချမ်းသာများကို ဆောင်ကြဉ်းလာပြီး တစ်ကမ္ဘာလုံး တောင်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှင်သန်ရေးကို ဦးဆောင်ကာ ကမ္ဘာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမို များပြားသည့် အပြုသဘောဆောင်သော အင်အားများကို ဖော်ဆောင်ပေးမည် ဖြစ်သည်။