တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဘေကျင်းထိပ်သီးအစည်းအဝေး နိုင်ငံတော် စီမံအုပ်ချုပ်ရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေးကို ကျင်းပ

(GMT+08:00)2024-09-06 15:54:11  

စက်တင်ဘာလ ၅ရက်နေ့ညနေပိုင်းက တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဘေကျင်းထိပ်သီးအစည်းအဝေး နိုင်ငံတော် စီမံအုပ်ချုပ်ရေးဆိုင်ရာ အဆင့်မြင့် အစည်းအဝေးကို ဘေကျင်း အမျိုးသား ကွန်ဗင်းရှင်း စင်တာ၌ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Zhao Leji နှင့် ရဝမ်ဒါနိုင်ငံ သမ္မတ Kagameတို့သည် အစည်းအဝေးကို ပူးတွဲဦးစီးကျင်းပခဲ့ကြပါသည်။