ယခုလ ၆ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်သည် ဘေကျင်းတွင် ကွန်ဂို သမ္မတ နိုင်ငံ သမ္မတ၏ ဇနီး အတိုဗာနက်နှင့် လက်ဖက်ရည် သောက်ရင်း တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ဖုန်လိယွမ်က တရုတ်နှင့် ကွန်ဂို သမ္မတ နိုင်ငံတို့၏ ပြည်သူများသည် မိသားစု ကဲ့သို့ ခင်မင်ရင်းနှီးပြီး အပြန်အလှန် ဖေးမကူညီကြောင်း၊ နှစ်ဖက်တို့ အကြား နယ်ပယ် အသီးသီးတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ အတွက် အကျိုးပြုရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အတိုဗာနက်က တရုတ် နိုင်ငံနှင့် ကျန်းမာရေး၊ ပညာရေး စသည့် နယ်ပယ်များတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး အားဖြည့်ပြုလုပ်ပြီး အာဖရိက-တရုတ် ချစ်ကြည်ရေး နက်ရှိုင်းစေရန် အတွက် အကျိုးပြု စွမ်းဆောင်လိုကြောင်း ပြောကြားခဲ့သည်။