ဒေသစံတော်ချိန် ယခုလ ၅ ရက်နေ့တွင် အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ John Kirby က အစ္စရေးနှင့် ပါလက်စတိုင်းအစ္စလာမ် ခုခံရေးလှုပ်ရှားမှုအဖွဲ့(ဟားမတ်စ်) တို့သည် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာ ထိန်းသိမ်းခံထားရသူများ လဲလှယ်ရန် သဘောတူညီမှု ရရှိခြင်းမရှိကြောင်း ပြောကြားခဲ့ ပါသည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့မှ ယခုလ ၁ ရက်နေ့က ဂါဇာကမ်းမြှောင်တောင်ပိုင်း Rafah ရှိ ဥမင်လိုဏ်ခေါင်းတစ်ခုတွင် ထိန်းသိမ်းခံထားရသူ ၆ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်းဖော်ပြခဲ့ပါသည်။ ယင်းသည် အပစ်အခတ်ရပ်စဲရန် ကြိုးပမ်းမှုများကို ရှုပ်ထွေးစေခဲ့ကြောင်း Kirby က ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။