ဘရာဇီးနိုင်ငံ အီဂွါဇူ(Iguazu) မြို့လွှတ်တော်သည် "တရုတ်ဘာသာစကားနေ့" သတ်မှတ်ရန် ရာနှုန်းပြည့်ဖြင့် ဆုံးဖြတ်

(GMT+08:00)2024-09-06 13:01:23  

ဒေသစံတော်ချိန် စက်တင်ဘာလ ၄ ရက်နေ့က ဘရာဇီးလ်နိုင်ငံ အီဂွါဇူ မြို့လွှတ်တော်သည် မြို့တော်၏ တရားဝင်အားလပ်ရက်များတွင် "တရုတ်ဘာသာစကားနေ့" ကို သတ်မှတ်ထားရန် မဲရာနှုန်းပြည့်ဖြင့် အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။ ယင်းဆုံးဖြတ်ချက်အရ နှစ်စဉ် မတ်လ ၂၉ ရက်နေ့ကို အီဂွါဇူမြို့၌ "တရုတ်ဘာသာစကားနေ့"အဖြစ် ထားရှိပြီး ယင်းအားလပ်ရက်ပွဲတော်နေ့တွင် အနုပညာ ပြပွဲများ၊ တရုတ်ဘာသာစကားသင်တန်းများ၊ အဆိုအကဖျော်ဖြေပွဲများနှင့် နှီးနှောဖလှယ်ပွဲများ စသည့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကို ကျင်းပကြမည်ဖြစ်ပါသည်။