ယခုလ ၄ရက်နေ့မှ ၆ရက်နေ့အထိ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ထိပ်သီး အစည်းအဝေးကို ဘေကျင်းတွင် ကျင်းပခဲ့သည်။ တရုတ်နှင့် အာဖရိက နိုင်ငံ ၅၃နိုင်ငံမှ နိုင်ငံတော် အကြီးအကဲများ၊ အစိုးရ ထိပ်သီးခေါင်းဆောင်များ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့် အာဖရိက သမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌတို့သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ ဘက်အသီးသီးတို့က “တရုတ်နှင့် အာဖရိကတို့၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် မူဘောင် အတွင်း ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး ဆိုင်ရာ ပူးတွဲ ကြေညာချက်”ကို ထုတ်ပြန်ရန် တစ်ညီတစ်ညွတ်တည်း သဘောတူကြသည်။
တရုတ်နှင့် အာဖရိကတို့၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် မူဘောင် အတွင်း ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး ဆိုင်ရာ ပူးတွဲ ကြေညာချက်
(GMT+08:00)2024-09-06 22:07:25