စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပသော တရုတ်-အာဖရိကပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန် က ၂၀၀၀ပြည့်နှစ်တွင် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ဖွဲ့စည်းတည်ထောင်ထားခြင်းမှာ တရုတ်-အာဖရိကဆက်ဆံရေးသမိုင်းတွင် အရေးကြီးသော မှတ်တိုင် တစ်ခု အဖြစ် အနက်အဓိပ္ပါယ်ရှိကြောင်း၊ လွန်ခဲ့သည့် ၂၄ နှစ်အတွင်းတွင် အထူးသဖြင့် ခေတ်သစ်တွင် တရုတ်နိုင်ငံသည် အာဖရိကညီအစ်ကိုမောင်နှမတို့နှင့်အတူ စစ်မှန်ပြီး ခင်မင်ရင်းနှီးကာ ရိုးသားဖြူစင်သော သဘောတရားဖြင့် လက်တွဲပြီး ရှေ့သို့ချီတက်လျက်ရှိ ကြောင်း၊ မိမိတို့သည် ကမ္ဘာ့ရာစုနှစ်ပြောင်းလဲမှုတွင် လက်တွဲကြိုးပမ်းဆောင်ရွက်ပြီး တရားမျှတသော အခွင့်အရေးများကို အခိုင်အမာကာကွယ်ထိန်းသိမ်းကြကြောင်း၊ မိမိတို့ သည် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်းတွင် အင်အားတောင့်တင်းလာပြီး အောင်မြင်မှုရလဒ်များစွာရရှိကာ တရုတ်-အာဖရိကပြည်သူများအား အကျိုးခံစားရရှိစေ ကြောင်း၊ မိမိတို့သည် ဘေးအန္တရာယ်များနှင့် ကပ်ရောဂါကြီးအား အေးအတူပူအမျှ လက်တွဲရင်ဆိုင်ကာ တရုတ်-အာဖရိက ချစ်ကြည်ရေးပုံပြင်များ တစ်ခုပြီးတစ်ခု ရေးသားကြ ကြောင်း၊ မိမိတို့သည် အပြန်အလှန်နားလည်ပြီး အပြန်အလှန်ထောက်ခံကာ နိုင်ငံတကာဆက်ဆံရေးစံနမူနာအသစ်ကို ထူထောင်ကြကြောင်း ပြောကြားခဲ့ပါသည်။