တရုတ်-အာဖရိက ချစ်ကြည်ရင်းနှီးမှုသည် အချိန်နှင့်အမျှ ပိုမိုအားကောင်းလာခဲ့သည်ဟုရှီကျင့်ဖိန်ဆို

(GMT+08:00)2024-09-05 15:32:52  

စက်တင်ဘာလ ၄ ရက်နေ့ ညက တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဘေကျင်းထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဘေကျင်းသို့ရောက်ရှိနေကြသော အာဖရိကနှင့် နိုင်ငံတကာ ဧည့်သည်တော်များကို ကြိုဆိုသည့်အနေနှင့် တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ် တို့သည် ဘေကျင်းပြည်သူ့ခန်းမဆောင်ကြီး၌ ညစာစားပွဲကို ကျင်းပခဲ့ပါသည်။

ညစာစားပွဲ၌ ရှီကျင့်ဖိန်က ပြီးခဲ့သည့် ရာစုနှစ် အလယ်ပိုင်းမှ စတင်ပြီး တရုတ်နှင့်အာဖရိကတို့သည် နယ်ချဲ့ဝါဒ၊ ကိုလိုနီစနစ်တို့ကို တွန်းလှန်ရာတွင် အတူတူကြိုးပမ်းအားထုတ်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ရှင်သန်ရေးနှင့် ခေတ်မီတိုးတက်ရေးကိုလိုက်စားသည့် လမ်းကြောင်းပေါ်တွင် လက်တွဲလျှောက်လှမ်းနေကြောင်း ၊ နိုင်ငံတကာ အခြေအနေ  ဘယ်လိုပဲ ပြောင်းလဲသည်ဖြစ်စေ တရုတ်-အာဖရိက ချစ်ကြည်ရေးသည် အချိန်နှင့်အမျှ ပိုမိုခိုင်မာလာခဲ့ကြောင်း ပြောကြားပါသည်။