"ခေတ်မီရေးခြောက်ရပ်" ကိုမြှင့်တင်ရန် တရုတ်နှင့် အာဖရိကတို့ ပူးပေါင်းသင့်သည်ဟုရှီကျင့်ဖိန်ဆို

(GMT+08:00)2024-09-05 15:31:14  

စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဘေကျင်းထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က ခေတ်မီရေးခြောက်ရပ်ကို မြှင့်တင်ရန် တရုတ်နှင့် အာဖရိကတို့ လက်တွဲဆောင်ရွက်သင့်ကြောင်း၊ ယင်းခေတ်မီရေးခြောက်ရပ်မှာ တရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ခေတ်မီရေးကိုတိုးတက်စေရန် လက်တွဲလုပ်ဆောင်သင့်သည်၊ ပွင့်လင်းမြင်သာမှုရှိပြီး အတူအောင်နိုင်သော ခေတ်မီရေးကိုတိုးတက်စေရန် လက်တွဲလုပ်ဆောင်သင့်သည်၊ ပြည်သူကို ဦးစားပေးသောခေတ်မီရေးကိုတိုးတက်စေရန် လက်တွဲလုပ်ဆောင်သင့်သည်၊ မတူကွဲပြားပြီး အားလုံးပါဝင်သည့် ခေတ်မီရေးကိုတိုးတက်စေရန် လက်တွဲလုပ်ဆောင်သင့်သည်၊ လူနှင့်သဘာဝပြေပြစ်သင့်မြတ်စွာ အတူနေထိုင်သောခေတ်မီရေးကို တိုးတက်စေရန် လက်တွဲလုပ်ဆောင်သင့်သည်၊ ငြိမ်းချမ်းပြီး ဘေးကင်းသော ခေတ်မီရေးကို တိုးတက်စေရန် လက်တွဲလုပ်ဆောင်သင့်သည် တို့ဖြစ်ကြောင်း ပြောကြားပါသည်။