စက်တင်ဘာလ ၅ရက်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဘေကျင်းထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ ပါသည်။
ရှီကျင့်ဖိန်က အာဖရိကတိုက်တွင် “ခရီးဖော်များသည် မိတ်ဆွေအစစ်ဖြစ်သည်”ဟု ဆိုရိုးစကားရှိကြောင်း၊ ခေတ်မီရေးလမ်းကြောင်းပေါ်တွင် မည်သူမည်ဝါမှ ချန်ထား၍မရသလို မည်သည့်နိုင်ငံမှ နောက်ချန်၍မရကြောင်း၊ တရုတ်နှင့်အာဖရိကပြည်သူ ၂.၈ဘီလီယံတို့၏ အင်အားကို စုစည်းပြီး ခေတ်မီရေးလမ်းကြောင်းပေါ်တွင် လက်တွဲလမ်းလျှောက်ကာ တရုတ်-အာဖရိက ခေတ်မီရေးဖြင့် တစ်ကမ္ဘာလုံး တောင်ဘက်ခြမ်း ခေတ်မီရေးကို အထောက် အကူပြု၍ လူသားဖွံ့ဖြိုးတိုးတက်ရေးသမိုင်းတွင် စာမျက်နှာသစ်ကို ရေးဆွဲပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ စည်ပင်သာယာရေး၊ တိုးတက်ရေး များဖြင့် တောက်ပသည့် အနာဂတ်သို့ တက်လှမ်းစေရန် ကမ္ဘာအား တွန်းအားပေးကြစို့ဟု ပြောကြားခဲ့ပါသည်။