ယခုလ ၅ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းပြည်သူ့ ခန်းမဆောင်ကြီးတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဘေကျင်းထိပ်သီး အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး key note မိန့်ခွန်းပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် တရုတ်နှင့် သံတမန်ဆက်ဆံမှုထားရှိသည့် အာဖရိကနိုင်ငံ အားလုံးနှင့် နှစ်ဖက်ဆက်ဆံမှုကို မဟာဗျူဟာမြောက်ဆက်ဆံမှုအဆင့်သို့ မြှင့်တင်ပြီး၊ တရုတ်-အာဖရိက ဆက်ဆံရေး၏ အလုံးစုံအဆင့်နေရာကို ခေတ်သစ်တွင် စဉ်ဆက်မပြတ် တရုတ်-အာဖရိက ကံကြမ္မာတူအသိုက်အဝန်းသို့ မြှင့်တင်ကြောင်း ကြေညာခဲ့ပါသည်။