စက်တင်ဘာလ ၅ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဘေကျင်းထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ တောင်ဘက်ခြမ်း ခေတ်မီရေးကို ဦးဆောင်ရန် တရုတ်နိုင်ငံသည် လာမည့် ၃နှစ်အတွင်း အာဖရိကနှင့်အတူ တရုတ်-အာဖရိက ခေတ်မီသော ယဉ်ကျေးမှု အပြန်အလှန်လေ့လာရေး မိတ်ဖက်ဆောင်ရွက်ချက်၊ ကုန်သွယ်မှု သာယာဝပြောရေး မိတ်ဖက်ဆောင်ရွက်ချက်၊ စက်မှု လုပ်ငန်း ကွင်းဆက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆောင်ရွက်ချက်၊ အပြန်အလှန် ချိတ်ဆက်မှု မိတ်ဖက်ဆောင်ရွက်ချက်၊ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆောင်ရွက်ချက်၊ ကျန်းမာရေး မိတ်ဖက်ဆောင်ရွက်ချက်၊ လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအတွက် အကျိုးပြုမှု မိတ်ဖက်ဆောင်ရွက်ချက်၊ လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး မိတ်ဖက်ဆောင်ရွက်ချက်၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်ဆောင်ရွက်ချက်၊ လုံခြုံရေးကို အတူ ထိန်းသိမ်းကာကွယ်ရေး မိတ်ဖက်ဆောင်ရွက်ချက် အပါအဝင် မိတ်ဖက်ဆောင်ရွက်ချက် ၁၀ချက်ကို ပြုလုပ်လိုကြောင်း ပြောကြားခဲ့ပါသည်။