ဒေသစံတော်ချိန် ယခုလ ၄ ရက်နေ့က ဂျာမနီ ဝန်ကြီးချုပ် Scholz သည် ဂျာမနီနိုင်ငံ Kiel မြို့ အနီးရှိ စစ်အခြေစိုက်စခန်းသို့ အလည်အပတ်သွားရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာ ယူကရိန်းအတွက် IRIS-T လေကြောင်းရန် ကာကွယ်ရေး စနစ် ၁၇ ခုကို မှာယူပြီး ၎င်းတို့အနက် IRIS-T SLM စနစ် ၈ ခု နှင့် IRIS-T SLS စနစ် ၉ ခု ပါဝင်ကြောင်း၊ ၎င်းတို့အနက် ၂ ခုကို ယခုနှစ်အတွင်း လွှဲပြောင်းပေးအပ်မည်ဖြစ်ပြီး ကျန်ပစ္စည်းများကို ၂၀၂၅ခုနှစ်မှာ စတင် လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယူကရိန်းအား နောက်ထပ် IRIS-T လေကြောင်းရန် ကာကွယ်ရေး စနစ် ၁၇ ခုကို ထောက်ပံ့ပေးမည်ဟု ဂျာမနီ ဝန်ကြီးချုပ်ဆို
(GMT+08:00)2024-09-05 14:34:12