စက်တင်ဘာလ ၄ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ပါလက်စတိုင်းနှင့် အစ္စရေးတို့ကြား အခြေအနေများဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် Geng Shuang က အစ္စရေးသားဖြစ်ဖြစ်၊ ပါလက်စတိုင်းသားဖြစ်ဖြစ် အဖမ်းခံရသူများအားလုံး အမြန်ဆုံး လွှတ်ပေးနိုင်အောင် သံတမန်ရေးရာ ကြိုးပမ်းမှုများကို အားဖြည့်ပြုလုပ်ရန် ထပ်မံ ပန်ကြား ခဲ့ပါသည်။
Geng Shuang က ဤစစ်ပွဲသည် ကြာရှည်စွာ ဖြစ်ပွားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများလည်း အချိန်အကြာကြီး နှောင့်နှေးခဲ့ကာ သာမန်ပြည်သူများ ရင်ဆိုင်နေရသည့် ဒုက္ခများ ကြာရှည်လာ၍ ယင်းကိစ္စသည် ပြီးဆုံးသွားသင့်ကြောင်း ပြောကြားခဲ့ပါသည်။