ယခုလ ၄ ရက်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ဇနီးဖြစ်သူ Peng Liyuan သည် ဘေကျင်းတွင် ဆီနီဂေါသမ္မတ၏ ဇနီးဖြစ်သူ Marie နှင့် လက်ဖက်ရည် သောက်ရင်း တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ Peng Liyuan က တရုတ်နှင့် ဆီနီဂေါနိုင်ငံတို့ သည် ယဉ်ကျေးမှု အစဉ်အလာအပါအဝင် တူညီမှုများစွာရှိပြီး၊ နှစ်နိုင်ငံ ပြည်သူများအနေနှင့် လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေးတွင် အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်မှု အဆက်မပြတ်နက်ရှိုင်းစေရန်မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။
Marie သည် ဆီနီဂေါအပါအဝင် အာဖရိကနိုင်ငံများမှ အမျိုးသမီးများနှင့် ကလေးများ အား Peng Liyuan မှ ရေရှည်စောင့်ရှောက်မှုနှင့် အာရုံစိုက်မှုအပေါ် တန်ဖိုးထားချီးကျူးပြီး၊ နှစ်ဖက်ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို နီးကပ်စေရန်နှင့် ဆီနီဂေါ- တရုတ်ချစ်ကြည်ရေး စဉ်ဆက်မပြတ် တိုးမြှင့်ရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့ ပါသည်။