ဒေသစံတော်ချိန် စက်တင်ဘာလ ၄ ရက်နေ့က အမေရိကန်နိုင်ငံ Georgia ပြည်နယ် Winder မြို့ရှိ Apalachee အထက်တန်းကျောင်း၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့အနက် ဆရာနှစ်ဦးနှင့် အထက်တန်းကျောင်းသူ နှစ်ဦးတို့ ပါဝင်ကြောင်း သိရပါသည်။ ယင်း သေနတ်ပစ်ခတ်မှုတွင် သေနတ်သမားသည် အသက် ၁၄ နှစ်အရွယ်ရှိသော Apalachee အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦး ဖြစ်ပြီး ၎င်းသည် ရဲတပ်ဖွဲ့ထံ လက်နက်ချခဲ့ကြောင်း Georgia ပြည်နယ် စုံစမ်းစစ်ဆေးရေးဌာနမှ အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။
အမေရိကန် Gun Violence Archive ဝက်ဘ်ဆိုက်မှ အချက်အလက်များအရ ယခုနှစ် စက်တင်ဘာလ ၄ ရက်နေ့အထိ အမေရိကန်တွင် လူ ၄ ဦးထက်မနည်း သေဆုံးသွားသော အစုလိုက်အပြုံလိုက် သေနတ်ပစ်ခတ်မှု ၃၈၅ ကြိမ် ဖြစ်ပွားပြီး ပျမ်းမျှအားဖြင့် နေ့စဉ် ၁.၅ ကြိမ် ဖြစ်ပွားကြောင်း၊ သေနတ်ပစ်ခတ်မှုကြောင့် လူ ၁၁၅၇၀ ဦး သေဆုံးပြီး ၂၂၂၅၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။