ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ဒေသစံတော်ချိန် စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ၂၀၂၄ ခုနှစ် တတိယသုံးလပတ် ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်း ကုန်သွယ်မှု ပြန်လည်ဦးမော့လာမှုကို ထိန်းသိမ်းထားသည်ဟု ဖော်ပြပါသည်။ ဘာရိုမီတာအညွှန်းကိန်းမှ အပြုသဘောဆောင်သော အချက်ပြမှုများရှိနေသော်လည်း ပြင်းထန်လာသော ပထဝီဝင်နိုင်ငံရေး အန္တရာယ်များ၊ ဆက်လက်ဖြစ်ပွားနေသော ဒေသဆိုင်ရာပဋိပက္ခများ၊ ဖွံ့ဖြိုးပြီး စီးပွားရေး အုပ်စုများ၏ ငွေကြေးမူဝါဒများ အပြောင်းအလဲများနှင့် ပို့ကုန်အမှာစာပမာဏ လျှော့ချခြင်း တို့ကြောင့် ကမ္ဘာ့ကုန်သွယ်မှုအလားအလာမှာ မရေရာမသေချာမှုများ များစွာ ရှိနေသေးကြောင်း လည်း ယင်းအစီရင်ခံစာတွင် ဖော်ပြပါသည်။
တတိယသုံးလပတ်တွင် ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်း ကုန်သွယ်မှု ပြန်လည်ဦးမော့လာမှုကို ထိန်းသိမ်းထားသည်ဟု WTO ဆို
(GMT+08:00)2024-09-05 15:00:19