ဒေသစံတော်ချိန် စက်တင်ဘာလ ၄ရက်နေ့ညက တရုတ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော ဘော့စနီးယားဟာဇီဂိုးဗီးနား Pocitelj တံတားနှင့် အဝေးပြေးလမ်းမကြီး တရားဝင်စတင်လည်ပတ်ခဲ့ပါသည်။ ဘော့စနီးယား ဟာဇီဂိုးဗီးနား ပြည်ထောင်စုဝန်ကြီးချုပ် NIKŠIĆ ၊ ဘော့စနီးယားဟာဇီဂိုးဗီးနား ဝန်ကြီးများကောင်စီ ဥက္ကဋ္ဌ Krišto ၊ ခရိုအေးရှားနိုင်ငံဝန်ကြီးချုပ် Plenković နှင့် ဘော့စနီးယားဟာဇီဂိုးဗီးနားဆိုင်ရာ တရုတ်သံတမန်များ၊ ဒေသခံအရာရှိများသည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
ပဲန်ဥရောပ 5C အဝေးပြေးလမ်းမကြီးစင်္ကြံမြောက်ပိုင်းသည် ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့တော်မှ စတင်ပြီး ခရိုအေးရှားနိုင်ငံ မြောက်ပိုင်းဒေသမှတစ်ဆင့် ဘော့စနီးယားဟာဇီဂိုးဗီးနားနိုင်ငံ ပြည်တွင်းကို ဖြတ်ကျော်၍ စင်္ကြံတောင်ပိုင်းသည် ခရိုအေးရှားနိုင်ငံ အနောက်တောင်ပိုင်းဒေသ Ploče ဆိပ်ကမ်းထိရှိပါသည်။ ယင်းစင်္ကြံသည် ဘော့စနီးယားဟာဇီဂိုးဗီးနားနိုင်ငံ၏ အရေးအကြီးဆုံးသော လမ်းပန်း ဆက်သွယ်ရေးအခြေခံအဆောက်အအုံလုပ်ငန်းဖြစ်ပြီး ပထမဆုံးသော ဘော့စနီးယား ဟာဇီဂိုးဗီးနားတောင်မြောက်ကို ဖြတ်ကျော်သည့် အဝေးပြေးလမ်းမကြီးဖြစ်ပါသည်။