စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဘေကျင်းထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ဇင်ဘာဘွေသမ္မတ Mnangagwa နှင့် တွေ့ဆုံခဲ့သည်။
ရှီကျင့်ဖိန်က လာမည့်နှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၄၅ နှစ်ပြည့်မြောက် သည့်နှစ်ပတ်လည်ဖြစ်ကြောင်း ၊ တရုတ်နှင့် ဇင်ဘာဘွေ ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာစေခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ ဘုံမျှော်မှန်းချက်နှင့်ကိုက်ညီကြောင်း ပြောကြားပါသည်။
Mnangagwa က အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ်မျက်နှာ စုံညီအစည်းအဝေးတွင် ချမှတ်ခဲ့သော အရေးကြီးသည့် ပြုပြင်ပြောင်းလဲရေး အစီအမံများကို မိမိတို့အလေးအနက် အာရုံစိုက်ပြီး ယင်းသည် တရုတ်ပြည်သူများကို အကျိုးပြုရုံသာမကဘဲ "ကမ္ဘာ့တောင်ပိုင်း" နှင့် လူသားတို့၏ အနာဂတ်ကိုပင် သက်ရောက်မှုရှိသည်ဟု ယုံကြည်ကြောင်း ပြောကြားပါသည်။