ယူကရိန်းနိုင်ငံ ပိုလ်တာဗာဒေသကို ရုရှားမှ ဒုံးကျည်နှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ရာ လူ ၄၁ ဦးထက်မနည်း သေဆုံးပြီး ၁၈၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းနိုင်ငံသမ္မတ Zelensky က ယခုလ ၃ရက်နေ့က လူမှုကွန်ယက် ဆိုရှယ်မီဒီယာ “Telegram” မှတစ်ဆင့် ဗီဒီယိုဖြင့် ထုတ်ပြန်ခဲ့ပါသည်။
ထို့နောက် ယူကရိန်းသမ္မတ Zelensky ၏ ဇနီးဖြစ်သူ Yelena Zelenskaya ကလက်ရှိအချိန်တွင် သေဆုံးသူဦးရေ ၄၇ ဦးအထိ မြင့်တက်လာပြီး လူ ၂၀၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်း၏ ဆိုရှယ်မီဒီယာတွင် ဖော်ပြပါသည်။ ရုရှားဘက်ကတော့ တုံ့ပြန်မှုမရှိသေးကြောင်း သတင်းရရှိ ပါသည်။