ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်များက စိတ်ရှည်သည်းခံမှု မရှိတော့ကြောင်း၊ အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ္မစ် ခုခံရေး လှုပ်ရှားမှု (ဟားမတ်စ်)အဖွဲ့ တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အမြန်ဆုံး မရရှိနိုင်လျှင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် သက်ဆိုင်ရာ ဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျ သဘာပတိ၊ ကုလသမဂ္ဂဆိုင်ရာ စလိုဗေးနီးယားအမြဲတမ်းကိုယ်စားလှယ် Samuel Zbogar မှ စက်တင်ဘာလ ၃ ရက်နေ့က ပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် စက်တင်ဘာလ ၄ ရက်နေ့ညနေ ပိုင်းတွင် အရှေ့အလယ်ပိုင်းဒေသအခြေအနေ၊ အထူးသဖြင့် ပါလက်စတိုင်း-အစ္စရေး အခြေအနေနှင့် ပတ်သက်၍ အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့ပါသည်။
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အချိန်အတော်ကြာ မရရှိသေးသောကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များက စိတ်မရှည်တော့ ဟု ကုလဆို
(GMT+08:00)2024-09-04 15:55:48