စက်တင်ဘာလ ၄ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဘေကျင်းထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ရောက်ရှိနေသော ဆီရာလီယွန်နိုင်ငံ သမ္မတ Bioနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ဆီရာလီယွန်နိုင်ငံနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး အတွေ့အကြုံများကူးလူးဖလှယ်မှုကို ပြုလုပ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ အပြန်အလှန် ချိတ်ဆက်မှုကို အားဖြည့်လုပ်ဆောင်ကာ လယ်ယာစိုက်ပျိုးရေး၊ အခြေခံ အဆောက်အအုံ၊ အရင်းအမြစ်နှင့်စွမ်းအင်စသော နယ်ပယ်များ၌ နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်၍ စီးပွားရေးနှင့် ပြည်သူတို့၏ စားဝတ်နေရေးလုပ်ငန်းများကို ကောင်းမွန်စွာ အကောင်အထည်ဖော်ပြီး ပြည်သူလူထု၏သုခချမ်းသာများကို အဆက်မပြတ်တိုးမြှင့်ရန် ဆန္ဒရှိကြောင်း အလေးထား ပြောကြားခဲ့ပါသည်။
Bioက တရုတ်နိုင်ငံမှ ဆီရာလီယွန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မြင့်တင်ပေးသော ထောက်ပံ့အားပေးမှုများကို ကျေးဇူးတင်ရှိကြောင်း၊ လယ်ယာစိုက်ပျိုးရေး၊ လုံခြုံရေးစသောနယ်ပယ်များ၌ တစ်ဆင့်တိုး ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့် ကြောင်း၊ ဆီရာလီယွန်နိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ပြတ်သားစွာ စွဲကိုင်ပြီး တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရသောမိတ်ဖက်နိုင်ငံဖြစ်ရန် ဆန္ဒရှိ ကြောင်း ပြောကြားခဲ့ပါသည်။