ဟောလိဝုဒ်ရုပ်ရှင် "Titanic" တွင် သင်္ဘောအရှေ့ ပိုင်း ရပ်နေသော Jack နှင့် Rose တို့"ပျံသန်း"ခဲ့ကြသည့် ဂန္တဝင်အခိုက်အတန့်သည် မမေ့နိုင်စရာဖြစ်သည်။နောက်ဆုံး တိုင်းတာစစ်ဆေးမှု အရ "Titanic" ၏ အပျက်အစီးများ ဖြည်းဖြည်းချင်း ပြိုကျ ပျက်စီးနေကြောင်း သိရပါသည်။
RMS Titanic မှ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ် ဖော်ပြချက်အရ "Titanic" ၏ ခေါင်းပိုင်းရှိ အရှည် ၄.၅ မီတာခန့် ဖြစ်သည့် လက်ရန်း အပိုင်းတစ်ပိုင်း ပြုတ်ကျခဲ့ပြီ ဖြစ်ကြောင်း နောက်ဆုံး စစ်ဆေးမှု အရ သိရပါသည်။ယခုနှစ် ဇူလိုင်လတွင် ကုမ္ပဏီသည် "Titanic" ၏ အပျက်အစီးများကို ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်စစ်ဆေးမှု ပြလုပ်ခဲ့သည်။