အမေရိကန်သည် ဒိုမီနီကန်နိုင်ငံတွင် ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုအသုံးပြုသည့် လေယာဉ်ကို သိမ်းဆည်းလိုက်ပြီး အကြောင်းရင်းက ၎င်းလေယာဥ်သည် ကုမ္ပဏီတစ်ခုမှတစ်ဆင့် တရားမဝင်ဝယ်ယူခဲ့ပြီး ပိတ်ဆို့မှုသတ်မှတ်ချက်များ ချိုးဖောက်ခဲ့သည်ဟု အမေရိကန်က ယူဆခြင်းဖြစ်ကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနမှ ၂ ရက်နေ့က ကြေညာခဲ့သည်။
မာဒူရို၏ လေယာဉ်ကို အမေရိကန်မှ သိမ်းဆည်းခဲ့ကြောင်း ဗင်နီဇွဲလားအစိုးရက ၂ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ပြီး အတည်ပြုကာ အမေရိကန်အစိုးရ၏ လုပ်ရပ်ကို"ပင်လယ်ဓါးပြ ကဲ့သို့သော လုပ်ရပ်" ဟု ပြစ်တင်ရှုတ်ချခဲ့သည်။