စက်တင်ဘာလ ၃ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် ဘေကျင်းထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသော ချဒ်နိုင်ငံ သမ္မတ Mahamatနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့က တရုတ်-ချဒ် ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်သည်ဟု ကြေညာခဲ့ကြပါသည်။
ထို့အပြင် ရှီကျင့်ဖိန်သည် အာဖရိကသမဂ္ဂကော်မရှင် ဥက္ကဋ္ဌ Faki ၊ ကင်ညာနိုင်ငံသမ္မတ Ruto တို့နှင့်လည်း အသီးသီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။