တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဘေကျင်းထိပ်သီးအစည်းအဝေးသည် ပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ခြင်းမေတ္တာ၏ အခန်းကဏ္ဍသစ်ကို ဆက်လက်ရေးသားမည်

(GMT+08:00)2024-09-03 14:10:23  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ယခုလ ၂ ရက်နေ့က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်၊ အာဖရိကချစ်ကြည်ရေးသည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး နှစ်ဖက်တို့မှ ပြည်သူများသည် သဘာဝအတိုင်း ရင်းနှီးသော သဘောရှိကြကြောင်း၊ နှစ်ဖက်တို့၏ လက်တွဲကြိုးပမ်းမှုများကြောင့် တရုတ်- အာဖရိက ပညာရေးပူးပေါင်းဆောင်ရွက်မှုသည် အောင်ကျိုးရလဒ်များရရှိပြီး ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးသည် တစ်နေ့တခြားတိုးတက်ကောင်းမွန်လာကာ ပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်မှုလည်း  အဆက်မပြတ် နက်ရှိုင်းလာခဲ့ကြောင်း၊ မကြာမီကျင်းပတော့မည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဘေကျင်းထိပ်သီး အစည်းအဝေးသည် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို ပိုမိုနီးကပ်လာစေပြီး၊ ပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ခြင်းမေတ္တာ၏ အခန်းကဏ္ဍသစ်ကို ဆက်လက်ရေးသားသွားမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။