စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းပြည်သူ့ ခန်းမဆောင်ကြီး၌ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဘေကျင်းထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ဆေရှဲသမ္မတ Wavel Ramkalawan နှင့်တွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် တရုတ်-ဆေရှဲ ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ရှီကျင့်ဖိန်သည် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ဘေကျင်းသို့ လာရောက်ကြသော အီရီထရီးယားနိုင်ငံ သမ္မတ Isaias Afwerki ၊ ဂီနီနိုင်ငံ သမ္မတ Mamady Doumbouya တို့နှင့်လည်း တွေ့ဆုံခဲ့သည်။
ရှီကျင့်ဖိန်သည် အာဖရိကခေါင်းဆောင်များနှင့် တွေ့ဆုံ
(GMT+08:00)2024-09-03 10:15:07