စက်တင်ဘာလ ၂ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဘေကျင်းထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ဂျီဘူတီနိုင်ငံသမ္မတ Guelleh နှင့် တရုတ်ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံခဲ့ပါသည်။ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်တို့သည် တရုတ်-ဂျီဘူတီ ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ကြောင်း ကြေညာခဲ့ကြပါသည်။
ရှီကျင့်ဖိန်က တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် တည်ထောင်ပြီးကတည်းက ကျင်းပသော ထိပ်သီးအစည်းအဝေးအားလုံးကို သမ္မတ Guelleh သည် တက်ရောက်ခဲ့ပြီး ၎င်းက ဖိုရမ် ဖွံ့ဖြိုးတိုးတက်မှု၏ မျက်မြင် ကိုယ်တွေ့ဖြစ်သူနှင့် မြှင့်တင်ပေးသူဖြစ်ကြောင်း၊ ယင်းအပေါ် မိမိသည် အထူး ချီးကျူးပြီး ယခုအကြိမ် ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ ကျင်းပဖို့ တွန်းအား ပေးရန် သမ္မတ Guellehနှင့်အတူ ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြား ခဲ့ပါသည်။