ဗြိတိန်သည် အစ္စရေးသို့ လက်နက်တင်ပို့ခွင့် လိုင်စင်အချို့ ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်း

(GMT+08:00)2024-09-03 12:34:27  

ဗြိတိန်နိုင်ငံသည် အစ္စရေးနိုင်ငံသို့ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့ လေယာဉ်များစသည့် စစ်ဘက်လေယာဉ်များ၏ အစိတ်အပိုင်းများ အပါအဝင် လက်နက်များ တင်ပို့ရောင်းချခွင့်လိုင်စင်အချို့ ထုတ်ပေးခြင်းကို ချက်ချင်း ယာယီ ရပ်ဆိုင်း မည်ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Lamy က စက်တင်ဘာလ ၂ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

ဗြိတိန်မှ အစ္စရေးသို့ စစ်ဘက်ဆိုင်ရာ ထုတ်ကုန်အချို့ တင်ပို့ခြင်းသည် သိသာ ထင်ရှားသော အန္တရာယ်များရှိပြီး ၎င်းတို့ကို နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှု ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်သည့် ဆောင်ရွက်မှုများ ပြုလုပ်ရန် သို့မဟုတ် အထောက် အကူပြုရန် အသုံးပြုနိုင်ကြောင်း ဗြိတိန်က အကဲဖြတ်ယူဆခဲ့သည်ဟု Lamyက ယင်းနေ့တွင် အောက်လွှတ်တော်၌ ပြောကြားခဲ့ပါသည်။