ဒေသစံတော်ချိန် ယခုလ ၃ ရက်နေ့က ဂျပန် Tohoku လျှပ်စစ်စွမ်းအင်ကုမ္ပဏီသည် မီယာဂီပြည်နယ် အိုနာဂါဝါ နျူကလီးယားဓာတ်အားပေးစက်ရုံ၏ ယူနစ် 2 ဓာတ်ပေါင်းဖို ထဲသို့ နျူကလီးယားလောင်စာများကို ထိုနေ့တွင် စတင်တင်ဆောင်ထည့်သွင်းမည်ဟု ကြေညာခဲ့ပါသည်။ အိုနာဂါဝါ နျူကလီးယားဓာတ်အားပေးစက်ရုံ၏ ယူနစ် 2 သည် ၂၀၁၁ခုနှစ် မတ်လ ၁၁ ရက်နေ့ မြေငလျင်လှုပ်ခတ်ပြီးတည်းက လည်ပတ်မှုရပ်တန့်သွားခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ ဝန်းကျင်တွင် ပြန်လည်စတင်ရန် စီစဉ်ထားသည်ဟု သိရပါသည်။
ဂျပန်နိုင်ငံသည် အိုနာဂါဝါ နျူကလီးယားဓာတ်အားပေးစက်ရုံ၏ ယူနစ် 2 ဓာတ်ပေါင်းဖို ထဲသို့ နျူကလီးယားလောင်စာများ တင်ဆောင်မည်
(GMT+08:00)2024-09-03 14:50:53