ဘေကျင်းစံတော်ချိန် ၂၀၂၄ခုနှစ် စက်တင်ဘာလ ၃ရက်နေ့ နံနက် ၉ နာရီ ၂၂ မိနစ် အချိန် က တရုတ်နိုင်ငံသည် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ Long March-4B သယ်ဆောင်ရေး ဒုံးပျံကို အသုံးပြုပြီး Yaogan 43 - 02 ဂြိုဟ်တုများကို အာကာသအတွင်း လွှတ်တင်ခဲ့ကြောင်း၊ ဂြိုဟ်တုများသည် သတ်မှတ်ထားသော ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး လွှတ်တင်ရေးတာဝန်ကို အောင်မြင်စွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းဂြိုဟ်တုများကို ပတ်လမ်းကြောင်းနိမ့် ဂြိုဟ်တုအစုအဝေး နည်းပညာသစ်များ စမ်းသပ်ရေး လုပ်ဆောင်ရာတွင် အဓိကအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုအကြိမ် ပျံသန်းမှုသည် Long March သယ်ဆောင်ဒုံးပျံစီးရီးစ်၏ ၅၃၃ ကြိမ်မြောက် ပျံသန်းမှု မစ်ရှင်ဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံသည် Yaogan 43 - 02 ဂြိုဟ်တုများကို အောင်မြင်စွာလွှတ်တင်
(GMT+08:00)2024-09-03 14:10:44